Sunday, October 18, 2020

စဉ်ဆက်မပျက် စျေးကွက်တိုးချဲ့လုပ်ကိုင်ခြင်း

အရင်းရှင်စနစ် Capitalism မှာ စဉ်ဆက်မပျက် စျေးကွက်တိုးချဲ့လုပ်ကိုင်ခြင်း Continuous Growth ဟာ အရေးကြီးတယ်။

လုပ်ငန်းတစ်ခုဟာ အမြတ်ထဲကနေ ပြန်လည် ရင်းနှီးမြုပ်နှံတိုးချဲ့တာကို Organic Growth လို့ ခေါ်ကြတယ်။ အရမ်းအောင်မြင်လာရင်တော့ Public Company အများပိုင်ကုမ္ပဏီအနေနဲ့ စတော့ရှယ်ယာစျေးကွက်တွေမှာ ရှယ်ယာတင်ရောင်းချပြီး တိုးချဲ့လေ့ရှိကြတယ်။

တခြားနည်းလမ်းတွေကတော့ Merger ကုမ္ပဏီချင်းပေါင်းပြီး တိုးချဲ့ကြတာရှိသလို ချေးငွေနဲ့ Leverage လုပ်ပြီး တိုးချဲ့ကြတာတွေလည်းရှိတယ်။ Microsoft မိုက်ခရိုဆော့ဖ်လို တက်ခ်ကုမ္ပဏီတွေကလွဲလို့ တခြားအောင်မြင်နေတဲ့ ကုမ္ပဏီတော်တော်များများကို ကြည့်ရင် ချေးငွေဖြင့်လုပ်ငန်းတိုးချဲ့လုပ်ကိုင်ခြင်း Leveraging လုပ်ကြတာကို တွေ့ရတယ်။

မြန်မာပြည်နယ်စပ်တွေမှာ လုပ်ငန်းလုပ်ကိုင်သူတွေမှာလည်း မတူကွဲပြားတဲ့ Leveraging ကို တွေ့ရတယ်။ ဥပမာ တရုတ်ပြည်နယ်စပ်မှာ ကုန်ပစ္စည်းဝယ်ယူရောင်းချသူတွေရဲ့ အကြွေးပြန်ဆပ်နိုင်မှုပေါ် မူတည်ပြီး တရုတ်ကုန်သည်တွေက အကြွေးပမာဏကို တိုးချဲ့ပေးလေ့ရှိကြတယ်။

ငွေပြောင်းလွယ်မှု Liquidity ကောင်းတဲ့နိုင်ငံတွေဟာ ချမ်းသာကြတာကို တွေ့ရတယ်။ Leveraging ကို နားလည် အသုံးချနိုင်သူတွေဟာလည်း ချမ်းသာကြတာကို တွေ့ရတယ်။