Sunday, October 18, 2020

ဂိမ်းသီအိုရီ

အဒမ်စမစ် Adam Smith မှားတယ်လို့ A Beautiful Mind ရုပ်ရှင်ဇာတ်ကားထဲမှာ ဂျွန်နက်ရှ် John Nash ပြောတဲ့ အခန်းဟာ တော်တော် ကြည့်လို့ ကောင်းတယ်။

ဒါပေမဲ့လည်း Macroeconomic မက်ခရိုစီးပွါးရေး သဘောတရားအရ အဒမ်စမစ်ဟာ ရာနူန်းပြည့်မှားခဲ့တာတော့ မဟုတ်ဘူး။ ဥပမာ အဒမ်စမစ်က လူတွေဟာ ကိုယ့်အတွက်ကိုယ် Self Interest အရ အကောင်းဆုံး လုပ်ဆောင်ကြမယ်ဆိုရင် လူမှုအဖွဲ့အစည်းဟာလည်း သူ့အလိုလို Invisible Hand အရ ကောင်းမွန်နေလိမ့်မယ်လို့ Wealth of Nations စာအုပ်ထဲမှာ ရေးခဲ့တယ်။

ဒါပေမဲ့ ဂျွန်နက်ရှ် တွေ့ရှိတာက အဒမ်စမစ်ရဲ့ သတိပြုမှုဟာ မပြည့်စုံဘူး။ လူတွေဟာ ကိုယ့်အတွက် အကောင်းဆုံးကို လုပ်ဆောင်ဖို့ လိုအပ်သလို လူမှုအဖွဲ့အစည်းအတွက်လည်း အကောင်းဆုံးဖြစ်စေမဲ့အလုပ်ကို လုပ်ဆောင်မှ အကောင်းဆုံးဆိုတဲ့ရလာဒ်ကို ရနိုင်တယ်ဆိုတာကို ထောက်ပြခဲ့တယ်။ ဂျွန်နက်ရှ်ဟာ သူ့ရဲ့တွေ့ရှိမှုကို Game Theory ဂိမ်းသီအိုရီကို ရေးပြီး သက်သေပြခဲ့တယ်။

ဂျွန်နက်ရှ် မတိုင်မီက စီးပွါးရေးမှာ Competative Behavior ဆိုတာဟာ အဖွဲ့တစ်ဖွဲ့ကနိုင်ရင် တစ်ခြားတစ်ဖွဲ့က ဆုံးရှုံးရမှာ ဖြစ်တယ်။ ဂျွန်နက်ရှ်ရဲ့ ဂိမ်းသီအိုရီ Game Theory မှာတော့ အဲ့ဒီလို အဖြစ်အပျက်မျိုးကို Zero Sum Game လို့ ခေါ်တယ်။ Zero Sum Game ဟာ စီးပွါးရေးလောကအတွက် လူမှုအဖွဲ့အစည်းအတွက် အကျိုးမများစေဘူး။

ပိုပြီးစိတ်ဝင်စားစရာကောင်းတာတစ်ခုက ဘယ်လို အခြေအနေမျိုးမှာမဆို နှစ်ဖက် ပါတီအတွက် အကောင်းဆုံးရလာဒ် Win-Win ကို ဖြစ်စေမဲ့ အားမျှချေ Equilibrium ရှိတယ်ဆိုတာကို ဂျွန်နက်ရှိက သက်သေပြခဲ့တယ်။

ဂျွန်နက်ရှ်ဟာ အဲ့ဒီအတွက် Nobel Prize နိုဘယ်ဆုကို ရခဲ့တယ်။