Sunday, October 18, 2020

မက်ခရိုစီးပွါးရေး ငွေကြေးအရင်းအနှီးနယ်ပယ် နဲ့ ဘဏ်

ယနေ့စီးပွါးရေးရလာဒ်တွေဟာ အတိက်ကချမှတ်ခဲ့တဲ့ Macroeconomice Policy မက်ခရိုစီးပွါးရေးပေါ်လစီတွေရဲ့ အကျိုးပဲဖြစ်တယ်။ ငွေကြေးအရင်းအနှီးနယ်ပယ် Financial Sector ဟာ အနာဂါတ်အီကိုနိုမီရဲ့ အလားအလာကို ဖော်ညွှန်းတယ်။ Banking ဘဏ်တွေဟာ ပစ္စုပ္ပန်ရဲ့ ငွေပြောင်းလွယ်မှု Liquidity ပြဿနာကို ဖြေရှင်းဖို့ ဖြစ်တယ်လို့ ပရော်ဖက်ဆာ ပဲရီမာလင်းက ပြောတယ်။

မက်ခရိုစီးပွါးရေးဟာ ယေဘူယျအားဖြင့် အလုပ်အကိုင် အပြည့်အဝဖန်တီးပေးရေး Full Employment စျေးကွက် တည်ငြိမ်ရေး Market Stability စျေးနူန်းတည်ငြိမ်ရေး Price Stability ငွေကြေးဖောင်းပွမှု Inflation စတဲ့ အရာတွေကို ပေါ်လစီချမှတ် အကောင်အထည်ဖော်ခြင်းနဲ့ သက်ဆိုင်တယ်။

ငွေကြေးအရင်းအနှီးနယ်ပယ် Financial Sector ကတော့ အနာဂါတ်မှာလိုအပ်မဲ့ ကျန်းမာရေးအာမခံများ ပင်စင်လစာများ ငွေကြေးအရင်းအနှီးများ စီမံခန့်ခွဲခြင်း ဆုံးရှုံးချေနည်းသောရင်းနှီးမြုပ်နှံမှု Portfolio Management စသည်တို့နဲ့ သက်ဆိုင်တယ်။ တနည်းအားဖြင့် ပြောရရင်လည်း စတော့စျေးကွက်မှာ ရင်းနှီးမြုပ်နှံသူတွေဟာ အနာဂါတ်ရဲ့ အလားအလာကို ရင်းနှီးမြုပ်နှံသူများဖြစ်ကြတယ်။

ဘဏ်တွေဟာ ယေဘူယျအားဖြင့် ငွေစုငွေချေးနဲ့ သက်ဆိုင်တယ်။ ပြည်သူတွေစုထားတဲ့ စုစုပေါင်းစုငွေထဲက ရာခိုင်နူန်းပမာဏတစ်ခုထိ ဘဏ်တွေက ပြန်လည်ချေးခွင့်ရှိတယ်။ အဲ့ဒီ ရာခိုင်နူန်းပမာဏကို ဗဟိုဘဏ်က သတ်မှတ်ပေးတယ်။ ဘဏ်တွေအားကောင်းရင် ငွေပြောင်းလွဲမှု Liquidity ဟာ လွယ်ကူတယ်။ စျေးကွက် လည်ပတ်မှုအား ပိုကောင်းတယ်။ ဥပမာ အပေါင် Collateral ထားပြီး လွယ်လွယ်နဲ့ ငွေချေးလို့ရနိုင်သလို အပေါင်မရှိလည်း အလားအလာ Potential ကို ပြပြီး ငွေချေးလို့ရနိုင်မယ်။