Friday, October 23, 2020
ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်း ( Rich And Poor)
ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်း Rich And Poor ဟာ နှိုင်းရသဘောတရား Relativity မို့ လူတွေရှိနေသရွေ့ ဒါတွေဟာ ရှိနေမှာပဲ။ ယနေ့ခေတ် မော်ဒန် Poor တွေဟာ အရင်ခေတ်များစွာက လူချမ်းသာတွေမပိုင်ခဲ့တဲ့ အရာတွေကို ပိုင်ဆိုင်ကြတယ်။
ဘယ်ခေတ်မှာမဆို စီးပွါးရေးမှာ ချမ်းသာသူနဲ့ ဆင်းရဲသူ Rich And Poor ပြဿနာရှိမယ်။ ဘယ်ခေတ်မှာမဆို နိုင်ငံရေးမှာ အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံလူတွေကြားမှာ တင်းမာမှုတွေရှိမယ်။ လူမှုရေးမှာလည်းအလားတူ အတန်းစားကွဲပြားမှုတွေရှိမယ်။ တကယ်တမ်းပြောရရင် ကားလ်မတ်စ်ဟာ အရင်းရှင်စနစ် Capitalism ကို မကြိုက်ခဲ့တာ မဟုတ်ဘူး။ အရင်းရှင်ခေတ်ဦးရဲ့ မညီမျှမှု Inequality ကိုသာ မနှစ်မြို့ခဲ့တာ ဖြစ်တယ်။
ခေတ်တစ်ခေတ်ရဲ့ အခြေအနေမှန်ကို သဘောပေါက်နားလည်ပြီး မတူညီသော အတန်းစားတွေကြား မတူညီသောရည်ရွယ်ချက် Self Interest တွေကြား အလယ်အလတ်လမ်း Win-Win situation ကို ရှာဖွေနိုင်သော န်ိုင်ငံရေး စီးပွါးရေး လူမှုရေး ခေါင်းဆောင်တွေဟာ ခေတ်အဆက်ဆက်မှာ လိုအပ်တယ်။ အဲ့ဒီလို ခေါင်းဆောင်မျိုးကိုပဲ ခေါင်းဆောင်ကောင်းလို့ သတ်မှတ်ဖွယ်ရာရှိတယ်။
တနည်းအားဖြင့်လည်း လူလတ်တန်းစား Middle Class များပြားလာခြင်းဟာ လူတန်းစား ကွာဟမှုတွေကို လျော့နည်းစေတယ်။ မညီမျှမှု Inequality ကို လျော့နည်းစေတယ်။ အဲ့ဒါကြောင့် အသေးစားနဲ့အလတ်စားလုပ်ငန်း SME တွေ ဖွံဖြိုးတိုးတက်လာဖို့ဟာ အရေးကြီးတယ်။
လူလတ်တန်းစားတွေဟာ လူချမ်းသာတွေ ဆင်းရဲသူတွေနဲ့ အရမ်းမကွာဟလေ လူမှုအဖွဲ့အစည်းတစ်ခုရဲ့ မညီမမျှမှုဟာ လျော့နည်းလေဖြစ်တယ်။ အဲ့ဒါမှသာလျှင် ယဉ်ကျေးတိုးတက်တဲ့ လူ့အဖွဲ့အစည်းလို့ ဆိုနိုင်မယ်။
Add comment
Fill out the form below to add your own comments
Monday, January 4, 2021 - 16:45:39
Thank you!!1